ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနသည်
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအနေဖြင့်
နိုင်ငံတကာအဆင့်အတန်းမီ အပန်းဖြေအနားယူ နိုင်စေရေးအတွက် Digital စနစ်ဖြင့်
ရုပ်ရှင်ပြသသည့်ရုပ်ရှင်ရုံများ ပေါ်ထွန်းလာစေရန် တွန်းအားပေး
ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်
နိုင်ငံတော်မှ ငှားရမ်းထားသော ရုပ်ရှင်ရုံများအနက်
အချို့သောရုပ်ရှင်ရုံများသည် Digital စနစ်ဖြင့် ရုပ်ရှင်ပြသမှုလုပ်ငန်းများ
ဆောင်ရွက်ခြင်းမရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။ နှစ်ရှည်
ငှားရမ်းထားသောရုပ်ရှင်ရုံ(၂၇)ရုံရှိသည့်အနက် (၁၄)ရုံသာ Digital
ရုပ်ရှင်ပြသမှုစနစ် တပ်ဆင်ထားပြီး (၁၃)ရုံမှာ Digital ရုပ်ရှင်ပြသမှုစနစ်
တပ်ဆင်ရန်ကျန်ရှိပါသည်။ နိုင်ငံတော်မှ နှစ်ရှည် ငှားရမ်းထားသော်လည်း
Digital စနစ်ဖြင့် ပြသခြင်း မရှိသေးသော ရုပ်ရှင်ရုံများမှာ- (က)
အထက်မြန်မာနိုင်ငံ(၅)ရုံ (ခ) ရန်ကုန်တိုင်းဒေသကြီးတွင် (၅)ရုံ (ဂ)
အောက်မြန်မာနိုင်ငံတွင် (၃)ရုံ တို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
အဆိုပါရုပ်ရှင်ရုံ(၁၃)ရုံ၏နှစ်ရှည်ငှားရမ်းထားသူများ၊ ယင်းတို့နှင့်
အကျိုးတူပူးပေါင်းဆောင်ရွက်သူများအား
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှ ဖွဲ့စည်း ပေးထားသောအဖွဲ့ဖြင့်
ခေါ်ယူညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်းနှင့် Digital စနစ်ဖြင့်ရုပ်ရှင်
ပြသနိုင်ခြင်းမရှိသေးသော ရုပ်ရှင်ရုံများကိုလည်း ဆက်လက်၍
တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 24, 2017
ဝန်ထမ်းဟောင်းများအသင်းဖွဲ့စည်းခြင်း
မြန်မာ့ရုပ်ရှင်ဝန်ထမ်းဟောင်းများအသင်း စတင်ဖွဲ့စည်းတည်ထောင်သည့်
အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊
ရုပ်ရှင်ပြခန်းမတွင် (၃-၃-၂၀၁၅) ရက်နေ့ နံနက်(၁၀:ဝ၀)နာရီ၌
ကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးတင်ဖေ၊
ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးသိန်းအောင် နှင့် ဝန်ထမ်းဟောင်း(၉၅)ဦး
တက်ရောက်ခဲ့ကြပါသည်။ ဝန်ထမ်းဟောင်းများအသင်းကို အဆိုပါနေ့တွင်
စတင်ဖွဲ့စည်းခဲ့ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၏ နှစ်ပတ်လည်အခမ်းအနားတွင် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၏နှစ်ပတ်လည် အခမ်းအနားကို ယနေ့
(၃၁-၃-၂၀၁၅) ရက်နေ့ နံနက်(၅:ဝ၀)နာရီအချိန်တွင်
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနရှိ ရုပ်ရှင်ပြခန်းမတွင်
သံဃာတော်များအားပင့်ဖိတ်၍ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစု
တို့ကိုဆက်ကပ်လှူဒါန်းခြင်းနှင့် ဝန်ထမ်းများအားမုန့်ဟင်းခါးဖြင့် ဧည့်ခံ
ကျွေးမွေးခြင်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းသမိုင်း
ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ၁၉၄၅ ခုနှစ်မှစ၍ ''Field Publicy" အမည်ဖြင့် ''ရုပ်ရှင်လုပ်ငန်း" ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် လုပ်ငန်း လိုအပ်ချက် အရ ''နိုင်ငံတော်ရုပ်ရှင် လုပ်ငန်းမြှင့်တင်ရေးအဖွဲ့" ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ''ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့''ကို ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၆၄ ခုနှစ်တွင် ''နိုင်ငံခြားရုပ်ရှင် ကားတင်သွင်းရေး အေဂျင်စီ" ကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ကွပ်ကဲမှု ဆောက်ရှိ ဌာနခွဲများအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။၁၉၆၈ ခုနှစ် ၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပုဂ္ဂလိကရုပ်ရှင်ရုံများအနက် ရုပ်ရှင်ရုံ (၁၈၁)ရုံကို ပြည်သူပိုင်သိမ်းဆည်းခဲ့ပါသည်။ အဆိုပါ ရုပ်ရှင်ရုံများကို ကွပ်ကဲအုပ်ချုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်၌ (၁−၇−၁၉၇၀) ရက်နေ့တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်" ဟု အမည်သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန် ယူသည့်အချိန်တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်း" ကို "ရုပ်ရှင်လုပ်ငန်း" အမည်သို့ ပြောင်းလဲသတ်မှတ် ခဲ့ပြီး (၉−၇−၁၉၉၇) ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး (၂၆/၉၇)၏ သဘော တူညီချက်အရ ''မြန်မာ့ရုပ်ရှင်လုပ်ငန်း" အမည်သို့ အတည်ပြုပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားပါသည် −
ရုံးချုပ်
ရုပ်ရှင်ဆင်ဆာ
ဗီဒီယိုဆင်ဆာ
ဇာတ်လမ်းရုပ်ရှင်ရုံးခွဲ
မော်ကွန်းရုပ်ရှင်ရုံးခွဲ
ရန်ကုန်ရုံးခွဲ
အောက်မြန်မာနိုင်ငံရုံးခွဲ
အထက်မြန်မာနိုင်ငံရုံးခွဲ
ရုပ်ရှင်ဆင်ဆာအဖွဲ့
ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသသည့်လုပ်ငန်းကို ၁၉၁၀ ခုနှစ်အချိန်မှ စတင်ခဲ့သည်။ မြန်မာ ပြည်သည် ထိုစဉ်အခါက အိန္ဒိယ၏လက်အောက်ခံ ပြည်နယ်တစ်ခုဖြစ်ပြီး ဗြိတိသျှအစိုးရက အသိ အမှတ်ပြုထားသောကြောင့် ရုပ်ရှင်ကားများမှာလည်း အိန္ဒိယပြည်မှတစ်ဆင့် ယူဆောင်ပြသကြရာ အိန္ဒိယအစိုးရ ရုပ်ရှင်စစ်ဆေးရေးဆင်ဆာအဖွဲ့မှ ထုတ်ပေးသောလက်မှတ်နှင့်ပြသခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းရှင်များ၏ မြန်မာရုပ်ရှင်ဇာတ်ကားကြီး များ ၊ နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းသူများမှ တင်သွင်းလာသည့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ကို အများပြည်သူအားပြသနိုင်ရန်အတွက် ရုပ်ရှင်ဇာတ်ကားများ စစ်ဆေးကြည့်ရှုရန် ဒိစတြိတ် တရားသူကြီးမှဖြစ်စေ ၊ ရန်ကုန်မြို့ ပုလိပ်မင်းကြီးမှဖြစ်စေ ကြည့်ရှုစစ်ဆေးပြီး ပြသခွင့်လက်မှတ် များထုတ်ပေးနိုင်သည်ဟု သိရှိရပါသည်။ အစပထမတွင် ပုလိပ်မင်းကြီးတစ်ဦးတည်းကသာ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ရုပ်ရှင်လုပ်ငန်းကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ၁၉၆၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ ရုပ်ရှင်ဥပဒေကို ရုပ်သိမ်း၍ ၁၉၉၆ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့တွင် နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၉/၉၆)ဖြင့် ရုပ်ရှင်ဥပဒေ (The Motion Picture Law) ကိုပြဌာန်းခဲ့ပါသည်။ ပြဌာန်းထားသော ရုပ်ရှင် ဥပဒေကို မှီငြမ်း၍ ၁၉၉၇ ခုနှစ် ၊ ဇူလိုင်လ (၁ရ)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာအမှတ် (၂/၉၇)ဖြင့် ရုပ်ရှင်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။ ရုပ်ရှင်ဥပဒေပါ အခန်း(၄) အပိုဒ် (၁၀)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် အောက်ပါ ပုဂ္ဂလ်များပါဝင်သော ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည် −
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ရုပ်ရှင်လုပ်ငန်း
ဥက္ကဌ
သက်ဆိုင်ရာအစိုးရဌာန
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
အဖွဲ့ဝင်များ
သင့်လျော်သော နိုင်ငံသားများ
အဖွဲ့ဝင်များ
ညွှန်ကြားရေးမှူး
မြန်မာ့ရုပ်ရှင်လုပ်ငန်း
အတွင်းရေးမှူး
ရုပ်ရှင်ဥပဒေပါ ရည်ရွယ်ချက်ကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ရုပ်ရှင်ဇာတ်ကားများစစ်ဆေးရာ၌ မှီငြမ်းပြုရမည့် အခြေခံမူများနှင့် စည်းကမ်းချက်များကို ၁၉၈၉ ခုနှစ် ၊ ဇွန်လမှ စ၍ သတ်မှတ်ခဲ့ ပါသည်။ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ရုပ်ရှင်စစ်ဆေးရေးအဖွဲ့အမည်ဖြင့် လည်းကောင်း ၊ ၁၉၆၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့အမည်ဖြင့် လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှ ယနေ့အထိ ရုပ်ရှင်ဆင်ဆာအဖွဲပအမည်ဖြင့်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲသတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။ ရုပ်ရှင်ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ရုပ်ရှင် ဆင်ဆာအဖွဲ့သည် ချမှတ်ထားသော ဆင်ဆာမူဝါဒများနှင့်အညီ ရုပ်ရှင်ကားများကို စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဇာတ်လမ်းရုပ်ရှင်ရုံးခွဲ
ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ၊ ဇာတ်လမ်းရုပ်ရှင်ရုံးခွဲသည် (၁−၆−၁၉၅၀) ရက်နေ့တွင် ''ရုပ်ပြဗဟုသုတပြန့်ပွားရေး'' အမည်ဖြင့် စတင်ဖွဲ့စည်းပြီး (၁−၁၀−၁၉၉၅) ရက်နေ့တွင် လုပ်ငန်းလိုအပ်ချက်အရ ''ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့" ကိုဖွဲ့စည်းပြီး (၁၆−၃−၁၉၇၂) ရက်နေ့တွင် ''ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့" အမည်ဖြင့် သတ်မှတ်တည်ရှိလာခဲ့ပါသည်။
မော်ကွန်းရုပ်ရှင်ရုံးခွဲ
ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ၊ မော်ကွန်းရုပ်ရှင်ရုံးခွဲသည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်အုပ်ချုပ်ရေးကာလအတွင်း၌ ''Field Publicity" အမည်ဖြင့် စတင် ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ''အစိုးရရုပ်ရှင်နှင့်ပြဇာတ်ဌာန" ဟူ၍ လည်းကောင်း ၊ ၁၉၆၃ ခုနှစ်တွင် ''ရုပ်ရှင်ကော်ပိုရေးရှင်း ၊ မော်ကွန်းရုပ်ရှင်ရုံးခွဲ" အမည်သို့ ပြောင်းလဲခဲ့ပြီး(၉−၇−၉၇) ရက်နေ့တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ မော်ကွန်းရုပ်ရှင်ရုံးခွဲအမည်ဖြင့် သတင်းမှတ်တမ်းမော်ကွန်းတင် ရိုက်ကူးထုတ်လုပ်ပြသခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်
Tuesday, May 2, 2017
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ (၁၅-၁၂-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄၉/၂၀၁၆)၏ ဆုံးဖြတ်ချက်အရ ရုပ်ရှင်ဇာတ်ကားများကြည့်ရှုရန်အတွက် မြန်မာရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများအားပေးပို့ရာတွင် ထုတ်လုပ်သူ(သို့မဟုတ်)တာဝန်ခံများလိုက်နာရမည့် စည်းကမ်းများ ကိုသတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။
ဒီဇင်ဘာ (၂၈) ၂၀၁၆
Subscribe to:
Posts (Atom)


